ရှေ့နောက်ခါ လှိုင်း
ပုံပန်းသွင်ပြင်
ရှေ့နောက်ခါ လှိုင်း (အင်္ဂလိပ်: longitudinal wave) ဆိုသည်မှာ တုန်ခါမှုတို့၏ လှုပ်ယိမ်းချက်က လှိုင်းပျံ့နှံ့ရာ လမ်းကြောင်းနှင့် အပြိုင် ဖြစ်နေသည့် လှိုင်းမျိုးကို ခေါ်သည်။ ထို့ကြောင့် လှိုင်းသွားခြင်း ရှေ့သို့တွင် ကြားခံဒြပ်စု၏ အစိတ်အပိုင်းများ ရှေ့နှင့်နောက်သို့ ခါလွှဲခြင်းက ဤလှိုင်းများ ပျံ့နှံ့မှုကို ဖော်ဆောင်နေသည်မျိုး ဖြစ်သဖြင့် ရှေ့နောက်ခါ လှိုင်း ဟု ခေါ်သည်။
ဥပမာအားဖြင့်
- အသံသည် ဒြပ်သားတို့၏ ရှေ့နောက်ခါ လှိုင်း တုန်ခါမှုများ ဖြစ်ပြီး
- အလင်းသည် လျှပ်စစ်သံလိုက်စက်ကွင်းတို့၏ ထောင်လိုက်ခါ လှိုင်း တုန်ခါမှုများ ဖြစ်သည်။